ဝီကီပီးဒီးယား မှ

၇ (အသံထွက်-ခွန်)သည် မြန်မာဘာသာတွင် သင်္ချာဘာသာသင်ကြားရာတွင် အသုံးပြုပြီး သင်္ချာဂဏန်းအက္ခရာတစ်ခုဖြစ်သည်။ သက်တံ့တွင် ရောင်စဉ် ၇ မျိုး ရှိသည်။ ကံကောင်းသော ဂဏန်းအဖြစ် တိုင်းပြည်အတော်များများတွင် မှတ်ယူကြသည်။

အယူအဆများ[ပြင်ဆင်ရန်]

တရုတ်လူမျိုးတို့သည် မိဘ ကွယ်လွန်သောအခါ ဝမ်းနည်းပူဆွေးခြင်း အထိမ်းအမှတ် ဝတ်စုံနက်များ (ရှောက်ဖူ) ကို ၇ ထပ်ကိန်း အဖြစ် ၄၉ ရက် ဝတ်ဆင်လေ့ ရှိပြီး၊ ၄၉ ရက်လွန်သော် အထက်အင်္ကျီ အဖြူ၊ အောက် လုံချည်၊ ဘောင်းဘီ အနက် ဝတ်စုံကို ပြောင်းလဲဝတ်ဆင်ကြသည်။ တရုတ်လူမျိုးတို့က ဒွါရ ခြောက်ပေါက်မဟုတ်ဘဲ မျက်စိ ၂ ပေါက်၊ နား ၂ ပေါက်၊ နှာခေါင်း ၂ ပေါက်၊ ပါးစပ် ၁ ပေါက်ဖြင့် ဒွါရ ၇ ပေါက်ဟု ရေတွက်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဟူဂျင်းဇီ (ဇူလိုင်၊ ၂၀၀၀)။ ဂဏန်းခြေတို့၏ဘာသာစကား။ နက္ခတ္တရောင်ခြည်။ p. ၂၆၆။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)